Thursday, 9 August 2012
ခရစ္စမတ်ဘူတာမှာ ရပ်နားသွားတဲ့ဒီဇင်ဘာရထား
တောင်တွင်းကြီးဘူတာကို ရှူတည်တည် ကြည့်နေတဲ့ဆိုင်
အဲဒါ “ ရန်ကုန်ဆိုင်”
ရန်ကုန်ဆိုင်တော့  မဟုတ်ဘူး ။
အဲဒီဆိုင်က
တောင်တွင်း-ပျဉ်းမနား  ကဗျာသမားတွေအတွက်
သတင်းမီဒီယာလည်း   ဖြစ်
ဖုန်းဘေမဆောင်ရတဲ့   ပီစီအိုလည်း ဖြစ်တဲ့အပြင်
မီးရထားဝင်မယ့်  ထွက်မယ့်အချိန်
ခရီးသည်တွေကို   ပြောပြ
အခမဲ့ ပြန်ကြားရေးဌာနလည်း   ဖြစ်တယ် ။
ဒီဆိုင်မှာ  သူနဲ့  ပထမဆုံး ဆုံခဲ့ရတုန်းက
ဒီဆိုင်မှာပဲ နောက်ဆုံးခွဲခွာရလိမ့်မယ်
သူနဲ့   နောက်ဆုံးခွဲခွာရလိမ့်မယ်လို့  မထင်ခဲ့မိဘူး ။
(ရင်ထဲရှိတဲ့အတိုင်း  ပြောတာပါ)
မီးရထားန့  ဆွေမျိုးစပ်ပေးတာ  သူပေါ့
အလယ်ရိုးမရင်ခွင်ထဲ  ဆွဲသွင်းပေးတာ  သူပေါ့
ဘူတာစုံမှာ  အရက်မျိုးစုံတိုက်တာ သူပေါ့
ကြပ်ကြပ်မူးလေ နှာခေါင်းပွတ်လေဆိုတာ  သူပေါ့
မီးရထားခဏနားရင်  ဆိုက်ကားနဲ့ ပြေးပြေးလာတာ  သူပေါ့
ခရစ္စမတ်နေ့ ကို  ကြောက်တာ  သူပေါ့
“စက်ခေါင်းလဲလို့ အဖေဆုံးတာ ခရစ္စမတ်နေ့  ကြီးပေါ့ဗျာ” လို့ 
အဲဒီလို“ နီဇော် ” ပြောပြဖူးတယ်။
ခရစ္စမတ်တစ္ဆအခြောက်ခံရတဲ့
သူ့ မိသားစုကြောက်တဲ့ ခရစ္စမတ်နေ့ ကြီးမှာ
သူ...........
သူခေါင်းတွဲပေါ်က ချော်ကျသွားသတဲ့
တံငါသည်ရေနစ်တဲ့သတင်း
ရန်ကုန်ဆိုင်အင်တာနက်က ချက်ချင်းရ
“ဦးရေ...အဖေ ဒီနေ့ ဆုံးသွားပြီ” လို့ ပျဉ်းမနားက ဖုန်းဝင်လာ
ဟင်.... ဒီနေ့ ခရစ၁စမတ်နေ့ ပဲ
သူ့ မိသားစုကြောက်တဲ့ခရစ္စမတ်နေ့ ပဲ
သူ့ အဖေဆုံးတဲ့ခရစ္စမတ်နေ့ 
နေ့ ရက်တူ ၊ ဖြစ်ရပ်တူ
တူ  တူနိုင်လွန်းလှချည်ကလား
အလို...ဘုရား...ဘုရား...ဘုရား...ဘုရား
ခရစ္စမတ်မတိုင်ခင်ရက်တွေထဲက တစ်ရက်
(မှတ်ဥာဏ်မကောင်းလို့ ခွင့် လွှတ်ပါ)
ရန်ကုန်ဆိုင်ကအကြောင်းကြားလာ
ဆိုင်မှာ “ နီဇော် ” စောင့်နေတယ်တဲ့။
ရန်ကုန်ဆိုင်ထဲ စားပွဲတစ်လုံးပေါ်မှာ
ဝါးလက်စကွမ်းယာတစ်ထုပ်
သောက်လက်စအရက်တစ်ခွက်
မြည်းလက်စ ခေါက်ဆွဲတစ်ပွဲ
“နီဇော်က ဘယ်မှာလဲ “နီဇော်” ဘယ်မှာလဲ
မဲသဲပေကျံစက်ဆီတွေနဲ့ ဘူတာကပြန်လာတဲ့ “နီဇော်”
ကတိုက်ကရိုက် “နီဇော်”
လျှပ်တစ်ပြက် “နီဇော်”
ရေးဖော်တွေအကြောင်း၊ ကဗျာတွေအကြောင်း လိုတိုရှင်းပြော
ဒီဘက်လိုင်း ရထားမလိုက်ြဖစ်တဲ့အကြောင်း စကားသံခိပ်ပြော
ပျဉ်းမနားမှာသူရှိနေမယ့် နားရက်တွေ ကသုတ်ကရက်ပြော
ပြော....ပြော.....ပြော....မနားတမ်းတရစပ်ပြော
မီးရထားဥသြဆွဲမှ ထိုင်ရာကထ လက်ပြသွား
“နောက်တစ်ခေါက် မီးရထားရိပ်သာမှာ ဆုံမယ်”တဲ့
 ဒါ...တောင်တွင်းကို နှုတ်ဆက်သွားတာပေါ့ “နီဇော်”
(မြင်းကောင်ရေ ၁၂၀၀ အား ဒီဇယ်ခေါင်း
နှင်းခွဲမီးမောင်းမပါ
ခရီးဆုံးဘူတာဝေးသေးလား)တဲ့
သူ့ ကဗျာ “အငြိုးကြီးတဲ့ဆောင်း” ထဲမှာ
“နီဇော်” မေးခဲ့တဲ့ ခရီးဆုံးဘူတာ
ခရီးဆုံးဘူတာ
အဲဒီ ခရီးဆုံးဘူတာမှာ သူခရီးဆုံးသွားပေမယ့်
သူ့ ကဗျာခရီးကတော့မဆုံး
ဂျုံးဂျုံးဂျက်ဂျက် ကဗျာရထား
မနေမနား ရှည်လျားတစ်သွားတည်းသွား
တစ်သွားတည်းသွား.......
သြော်..... အခုတော့လည်း
“နီဇော်” မပါဘူးလားလို့ 
မီးရထားခေါင်းတွဲကို သွားမမေးရတော့တာ
ဒီနှစ်ဒီဇင်ဘာ ဆိုရင်.......
                            (ချစ်ခင်လေးမြတ်ရသူ “နီဇော်” သို့ )
                                    ချစ်လေးမြတ်( ဝမ်းတွင်း)
                                ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း)
                                  ၂၀၁၁
No comments:
Post a Comment