စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Tuesday, 21 August 2012
မကွေး
ဖြောင့်မတ်ခြင်းကို
နာမည်မှာထည့်ရေးထားတဲ့မြို့
ဧရာဝတီအရှေ့ဘက်ကမ်းမှာ
ငုတ်တုတ်ထိုင်ငေးနေတယ်
မြသလွန်ခြေတော်ရင်းဆီမှာတော့
သစ္စာစကားတွေက၀ရုန်းသုန်းကား
ကမ်းနားလမ်းတစ်လျှောက်
ချစ်ခြင်းမေတ္တာကို
ရောင်းဝယ်ဖောက်ကားကြ
ကုန်သည်ပွဲစားတို့ရယ်...
မြို့လေးကိုတော့
ရောင်းမစားကြပါနဲ့
မီးခိုးနံ့သင်းနေတဲ့ နှင်းတွေ
နေကျဲကျဲအောက်က ထနောင်းပွင့်တွေ
မိုးရွာရင်
စက်ဘီးပတ်စီးဖို့ပြန်လာချင်တယ် ။ ။
လင်းဝေအိမ်
စာပွင့်လွှာ မဂ္ဂဇင်း ၊ သြဂတ်လ ၊ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment