မိုးဦးကုန်ဆုံးသွားလို့  ဆောင်းရောက်ပြီ
နှင်းတွေကလည်းသဲလို့ မဲလို့ 
ငါဟာ မြူတွေကိုလိုက်ဖမ်းဖို့ ပြင်တုန်း
နှင်းတွေကြားကိုတိုးဝင်လာခဲ့မယ်
ငါ အံ့သြလို့ မျှော်ငေးမိတယ်
စူးရှတဲ့မျာက်ဝန်းတစ်စုံနဲ့ 
ငါ့ကိုအလဲထိုးခဲ့တယ်
ငါ့မှာတုန့် ပြန်ဖို့ အင်အားမရှိဘူး
အသိတရားတွေက
ငါ့ကိုလှုပ်နှိုးချိန်မှာ
မြူတွေပျောက်ကွယ်သွားပြီ
ဝရန်တာကိုထွက်ကြည့်လိုက်တော့
လေမှာ လွင့်  လူးနေတဲ့ သစ်ရွက်ကြွေ
သြော်.....ဆောင်းကုန်လို့ နွေရောက်သွားပြီပေါ့..။...။
နေဇေ(မကွေး)
ပြုံးစရာ မဂ္ဂဇင်း
၂၀၁၁
No comments:
Post a Comment