အရောင်တွေထဲမှာ မေးခွန်းတွေရှိနေလား
မျက်လုံးအကြည့် လှည့် စားချက်က
မေးခွန်းတွေထွက်လာတာလား
ရေဆေးပန်ချီကားမှာ အရောင်တစ်ရောင်က
အရောင်တစ်ရောင်ကိုဖောက်ထွက်
အောက်ခြေဆေးစက်လေးက မေးခွန်းလား
ပန်းချီဆရာကဖြေခဲ့ပါတယ်
အနုပညာမှာ မူလအသံရှိတယ်
မကြားဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး
အဲ ၊ မေးခွန်းတော့ မေးခွင့် မရှိတော့ဘူး ။ ။
မောင်ခင်သာေ(တောင်တွင်း)
ပြုံးစရာ မဂ္ဂဇင်း
No comments:
Post a Comment