Wednesday, 23 May 2012

''ပန်ထွာ''


တံပိုးခရာသံတွေနဲ့...
ပျိုမျစ်ငယ်ရွယ်မှုဂုဏ်ကို တနင့်တစ်ပိုးသယ်ရင်း...
ဗိဿနိုးမြို့ကို ပုခုံးပေါ်ပစ်တင်လိုက်သူ...
သူ...
ကိုယ်ကျင့်တရားက ရန်ပယ်ချောင်းကိုတောင်...
ရေတွေ စီးစေခဲ့တယ်...
ယောက်ျားတစ်ယောက်၏ လှည့်ဖျားမှုအောက်...
နောက်ကောက်ကျ ခံလိုက်ရပေမယ့်...
ချစ်ခြင်းတရားဟာ...
ချစ်ခြင်းတရားဆီကသာလာကြောင်း...
အမှန်တရားအတွက်...
အဆိပ်သောက်ပြသွားခြင်းမှာ...
'ဆိုခရေးတီး' ပြီးတော့...
သူမပေါ့။

                                              နေပန်ဦး

No comments:

Post a Comment