အပူရှိန်ကများတယ်
ထနောင်းဆူးသွေးတိုက်ပြီး
ရှားမီးအပေးခံရမယ့်ကိစ္စ
ဆေးမြီးတိုတွေနဲ့ လည်း အကုသမခံချင်.....
အမြင်နဲ့ 
သံယောဇဉ်ရက်ကန်းရက်
ခရီးဆက်ဆဲ ဧရာဝတီကိုငေးလို့ .....
မြသလွန်ဘုရား ဖူးရပါစ
မရွှေဖဲကို တွေ့ ရပါစ
မြင်းခွာသံကိုကြားပါစ....
ဒီမှာ
ရင်ထဲတည့်တည့်ပြေးဝင်လာတဲ့ ''မြစ်'' က
ရင်ချင်းအပ်မိမှ ဘာကြောင့်  ''ကွေ့ ''သွားရတာလဲ ။ ။
ရိုးသက်
ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း
၂၀၀၄
No comments:
Post a Comment