ငါ့ရုပ်ကို နေပူထဲမှာ ပစ်ထားလိုက်
လမ်းသွားလမ်းလာတွေ
ကြည့်ချင်တဲ့သူတွေ ကြည့်နိုင်အောင်
နေပူထဲမှာ ပစ်ထားလိုက်။
ငါ့ရုပ်ကြီး ပုပ်ပုပ်ပွပွ
ကျီးထိုးထိုး လောက်ကိုက်ကိုက်
နေပူထဲမှာ ပစ်ထားလိုက်။
မိုးသည်းထဲ နှင်းတောထဲမှာ ပစ်ထားလိုက်
အရိုးဆွေးတဲ့အထိ ပစ်ထားလိုက်ပါ။
ဒါဟာ ငါပြချင်တဲ့
တစ်ကိုယ်တော်အနုပညာပြပွဲ ။
ထွန်းဝေမြင့်
စတိုင်သစ်ဇူလိုင်၊၂၀၁၂။ Source; အောင်ဝေး/ သြခက်စတြာ စာအုပ်...
ထွန်းဝေမြင့်
စတိုင်သစ်ဇူလိုင်၊၂၀၁၂။ Source; အောင်ဝေး/ သြခက်စတြာ စာအုပ်...
No comments:
Post a Comment