Wednesday, 23 May 2012

'' သင့်နှုန်းနဲ့ ငါနဲ့ အကွာအဝေး ''

ငါ့လည်ပင်းကို ငါမုန်း
ငုံ့သင့်တာထက် ပိုခဲ့လို့လား
ငါ့မျက်နှာကို ငါမုန်း
ပြူးသင့်တာထက် ပိုခဲ့လို့လား
ငါ့နှလုံးသားကို ငါမုန်း
မုန်းသင့်တာထက် ပိုခဲ့လို့လား
ငါ့ကိုယ်ငါမုန်း
ငါမရှိတော့တာကို ၀န်မခံရဲခဲ့ဘူး။



                                      မောင်ခင်သာ တောင်တွင်း

                                    ရုပ်ရှင်တေးကဗျာ ၊ ၂၀၀၉





No comments:

Post a Comment