စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Wednesday, 23 May 2012
''ဘူတာရုံကိုလွမ်း''
* တစ်ယောက်ယောက်က မေးလိုက်တာပဲ
ဘူတာရုံဘယ်မလဲ၊ ဘယ်မလဲ ဘူတာရုံ
သံလမ်းကိုမြင်နေရတာကြာပြီ၊ ဘယ်မလဲ
ဘူတာရုံဘယ်မလဲ၊ ဘယ်မလဲ ဘူတာရုံ
* မီးခိုးသဲ့သဲ့မြင်ရ၊ ဘူတာရုံဘယ်မလဲ
ရထားဥသြဆွဲသံ ဆက်တိုက်ကြားနေရ
ဘူတာရုံ ဘယ်မလဲ၊ ရပ်မသွားဘူး၊ အသံတွေပဲ
မျက်စေ့ကမမြင်ရဘူး၊ ဘယ်မလဲဘူတာရုံ
*(ဘူးဘော်)၊ ရပ်ကြည့်လို့မမြင်ရတာလား
မဟုတ်ဘူး၊ လျှောက်ရင်းကြည့်နေတာပဲ၊ ဘယ်မလဲ
ဘူတာရုံဘယ်မလဲ၊ ဘယ်မလဲဘူတာရုံ
မီးခိုးရဲ့နောက်မှာ မေးခွန်းက လိုက်သွားလေရဲ့။ ။
မောင်ခင်သာ
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဇန်န၀ါရီ-၂၀၀၇)
ရသကမ်းခြေ၏ ၂၀၀၇ခုနှစ်အတွက် ဟေမန္တ အကြိုက်ဆုံးကဗျာ ဖြစ်ပါတယ် ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment