Tuesday 29 April 2014

ရာဇ၀င်ထဲက သစ္စာတရား



ရေလိုက်ငါးလိုက် ကူးခတ်တက်ပြီး
မိုးခါးရေကြိုက်တဲ့
အရောင်ပြောင်းဖို့
ခြေသွက်လက်သွက်ရှိတဲ့ ပတ်ဝန်းကျင်နဲ့
နိစ္စဓူဝ ပေါင်းသင်းဆက်ဆံနေရရုံနဲ့
ကိုယ်ရဲ့ခံယူချက်တွေ
အပျိုရည် ပျက်ရတော့မှာလား . . .
နာကျင်ခံခက်မှုတွေ
ဆုံးရှုံးနစ်နာမှုတွေ
အံဝင်ခွင်ကျမဖြစ်မှုတွေ
စော်ကားမော်ကားပြုမှုဆက်ဆံခံရမှုတွေ
တပွေ့တပိုက် တနင့်တပိုး
လက်ဆောင်ရခဲ့ရုံနဲ့
ကိုယ်ရဲ့ ယုံကြည်ချက်အသက်ဓာတ်ကို
တစ်ခါသုံးပစ္စည်းတစ်ခုလို
အမှိုက်ပုံးထဲ စွန့်ပစ်လိုက်ရတော့မှာလား . . .
သွားစမ်းပါ !!!!!
စာမျက်နှာ နည်းနည်းပါးပါးလောက်
ပြန်လှန်ကြည့်လိုက်ရုံနဲ့
အမှန်တရားဟာ
ဘယ်တုန်းကမှ
မျက်နှာမများခဲ့ဘူးဆိုတာ
သက်သေအခိုင်အမာရှိုခဲ့တာပဲ
သေချာတယ်
ကောင်းကင်နဲ့ မြေပြင်ကြား
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား
သစ္စာတရားရှိသလို
ဆိုကရေးတီးနဲ့ အဆိပ်ခွက်ကြား
မဖောက်ပြန်တဲ့ အမှန်တရား
အသေအချာရှိတယ်။  
                                                                   ဆေးခါး
                                                                   တောင်တွင်းကဗျာစာအုပ်မှ

No comments:

Post a Comment