Thursday 29 August 2013

အဆောက်အအုံလွန် ကမ္ဘာကြည့် သာဂိ သီအိုရီ




ရေကုန်သွားပြီလား။ ဂျာအေး သားအမိ လယ်ယာ။ လက်တွေ လေထဲမှာ။
(မိသားစုဝင်တစ်ဦးဦး အိမ်မှထွက်ခွာ)
မင်္ဂလာဦးခန်းဝင် နွားမသားအမိနှစ်ကောင်ကို ရောင်းချလို့
ဘုတ်ဆုံမဟာ သာဂိကို မလေးပို့ ခဲ့။
(ဇာတ်လိုက်က သူ့အပေါ်တားမြစ်ချက်တွေကို ချိုးဖေါက်)
ညနေ ၆နာရီတိတိမှာ သာဂိဖုန်းဆက်မည်ဖြစ်ပါ၍ ဘုတ်ဆုံမ အမြန်လာပါ။
(ဗီလိန်ဟာ ဇာတ်လိုက်ရဲ့ ပတ်ဝန်းကျင်သို့ ရောက်အောင်ကြိုးစား)
အရစ်ကျသွင်း ၂သိန်းတန် ဖုန်းဝယ်ပြီးကြောင်း သာဂိကို ဘုတ်ဆုံမ သတင်းပေးတယ်။

(ဇာတ်လိုက်ဟာ လှည့်ဖြားခံရတော့မဲ့ အခြေအနေဆီရောက်)
ည ၉နာရီနောက်ပိုင်း ဖုန်းခေါ်တိုင်း စက်ပိတ်ထားတတ်တဲ့ ဘုတ်ဆုံမကို သာဂိမကျေနပ်ဘူးတဲ့။
(လူဆိုးဟာ မိသားစုအဖွဲ့ဝင်တစ်ဦးဦးကို အန္တရာယ်ပေး - သို့မဟုတ် - မိသားစု ၀င်တစ်ဦးဦးဟာ တစ်ခုခုကို လိုအပ်နေ)
အချိန်ပို ဆင်းဆင်းနေလို့သာ တစ်လ တစ်သိန်းနှစ်သိန်းပို့နိုင်တာဆိုပဲ။
(ဇာတ်လိုက်ဟာ အပြောင်းအရွေ့လုပ်ရ - သို့ မဟုတ် - သူရှာဖွေမဲ့အရာဆီ ဦးတည်သွား)
သားနဲ့ လည်း စကားပြောရအောင် ညနေ၆နာရီပဲဖုန်းဆက်ပါ ကိုသာဂိတဲ့။
(ဇာတ်လိုက်ဆီ ခက်ခဲတဲ့အလုပ်ရောက်လာ)
နောက်ထပ်နှစ်တိုးနေမှ သားလေး အောင်ဘုကို ရှင်ပြုနိုင်မှာကွ။
(အတုအယောင် ဇာတ်လိုက်ဟာ ဇာတ်လိုက်မဟုတ်ကြောင်း ထင်ရှားသွား)
ခုဆို အောင်ဘုမှာ ညီလေးတစ်ယောက်ရနေပြီ။
(ဇာတ်လိုက်နောက်ကို တစ်ခုခုဟာလိုက်နေ)
မကြာမီပြန်လာတော့မဲ့ သာဂိကို ကုန်းဖေါ်ရုန်းဖက်တွေက  စုတ်တသတ်သတ်နဲ့။
(ဥပမာ- ဗီလိန်မကျဆုံးဘဲ ဗီလိန်ဟာ အပြစ်ပေးခံရ ဖို့ဆိုတာ မဖြစ်နိုင်ဘူး)

                                                                           လူလန်း(၁၃-၂-၂၀၁၃)
(--------)အတွင်းမှ စာသားများသည် ဆရာမင်းခက်ရဲ၏ ခေတ်ပြိုင်စာပေဝေဖန်ရေးနှင့်
သီအိုရီ-လက်တွေ့စာအုပ်-စာ-၃၉ပါ-ဇာတ်လမ်းအဆောက်အအုံစိစစ်မှုပညာဆောင်းပါးမှ စာသားများဖြစ်ပါသည်။
Share

No comments:

Post a Comment