ရှားပန်းငယ်မှ လူလူလေ..။
ပျိုလေးတို့ တောင်ယာမှာ
နှမ်းပြာငယ်မှလွင်လွင်
ပွင့်ဖူးတွေဆင်ပေါ့
တိမ်ရင်ပြင်အဆီဝေ့သနဲ့ 
မိုးငွေ့ ဆူဆူငယ်နှင့်လေ..။
ဗျိုင်းဖြူငယ်လမ်းလျှောက်
လည်ငေါက်တောက်နဲ့ 
အာလောက်လောက်အော်သံ
တောကျီးတွေပျံတော့
ကယံကုန်းထိပ်
ဇီးပင်ရိပ်မှာ
ချွေးသိပ်တဲ့လိပ်ပြာ
လွမ်းရိပ်ကိုခိုကာနဲ့ 
ခွန်းသာလို့ ချွဲ။
လျှိုထဲကတစ္ဆေ
လက်ကွင်းသံတဝေဝေနဲ့ 
တောခြေမှာပဲ့တင်ထပ်ပါလို့ 
လက်ရပ်လို့ ခေါ်နေပုံ
နှမလေးရင်အုံမှာ
ရင်ခုန်သံပြင်း။
အလိုလေး....လေး
သွေးမတောင်းလိုက်ပါနဲ့ 
ဈေးကောင်းရင်အညှာမလွယ်ဘု
ဒီနယ်မှာဆွေဂုဏ်မောက်သူမို့ 
ဓားအောက်ကပျိုကညာပါတော်..
နောင်အခါရှက်ကြောက်ခန်းမှာဖြင့်
မောင်တစ်ရာတက်ခေါက်ကြမ်းသမို့ 
ကျောချမ်းရင်းလေ.။ ။
မောင်ခိုင်မိုး(မြို့ သစ်)
No comments:
Post a Comment