ဘယ်သူ့ကို ဘယ်လိုဘာအတွက်
ဘယ်နေရာ ဘာတွေ ဘယ်ဘက်ကလဲ
ဘယ်ဘက်ကလား ဘူတာရုံပဲဖြစ်ဖြစ်
ဘာဘူဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မဖြစ်ဖြစ်
ဘာလို့မဖြစ်ရမှာလဲ ဘာမဆိုဖြစ်ရမယ်
ဘာမို့လို့လဲ
ကိစ္စက ဘယ်သူဘယ်ဝါဘယ်မှာဘာကြောင့်
အနက်ဂယက်များလွန်းတဲ့ ဘကုန်းတွေ
ဘကုန်းတွေ ကုန်းထကြ
ဘိုးဘေးဘီဘင်ဘယ်လိုပင်
ထားခဲ့ ထားခဲ့
(ဟိုဆရာရေးခဲ့တဲ့ဝတ္ထုရဲ့ အမည်လို)
ဘာဘာဘာမှ မသိဘူး
ဘာဘာကို ဘာမှမလုပ်ပါနဲ့
ဘာဘာလည်း ဘာမှမဘာတော့ဘူး
ဘိုင့်ဘိုင်။ ။
မောင်ခင်သာ-တောင်တွင်း
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း)
No comments:
Post a Comment