စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Wednesday, 23 May 2012
'''အရသာ"'
ဒီဘက်ခေတ်မှာ
မာ့က်စ်ဝါဒအကြောင်း
မပြောချင်တော့ဘူး။
ဒီဘက်ခေတ်မှာ
အဖြူအမည်းရုပ်ရှင်တွေထဲက
မင်းသား'ရွှေဘ'အကြောင်း
ဒီဘက်ခေတ်ကို
ဖြတ်လျှောက်ဖို့
သမိုင်းစာအုပ်ကိုလှန်ဖတ်ရင်း
ပက်လက်ကုလားထိုင်ပေါ်
အိပ်ပျော်သွားခဲ့တဲ့
နေ့တချို့ရှိရဲ့။
ဘ၀မှာအဆင်မပြေတဲ့
နေ့တချို့မှာ
ကိုယ့်ကိုယ်ကိုယ်
လိမ်ညာခံရတာတွေကို
ပြန်သတိရလာမိတယ်။
လူငယ်ဘ၀မိုက်ခဲ့ရတာတွေ
လူငယ်ဘ၀ကြိုက်ခဲ့ရတာတွေ
တိမ်တွေလို
အစိုင်အခဲလိုက်ရှိပေမဲ့
မရွာသွန်းတော့ပါဘူး။
မတော်တဆ
လမ်းပေါ်မှာ
ငွေစကြေးစ တွေ့တတ်ပေမဲ့
ကိုးကွယ်စရာသူရဲကောင်းကျ အရှားသား
ဒီအရပ်မှာ ဒီပန်း ပွင့်အပ်တယ်လို့
အသိအမြင်တွေ များပေမဲ့
ဒီလိုလူစားမျိုးကျ တကယ်တမ်း ရှိမထင်ဘူး
တနေ့မှာ
ခင်ဗျားလည်း
အောင်မြင်ချင်ပါလိမ့်မယ်
အောင်မြင်မှုဆိုတာ
မြက်ခင်းစိမ်းစိမ်းကြီးပေါ်
ထိုင်နေရတဲ့
အရသာနဲ့တူရင်တော့
ကျွန်တော်လည်း လိုချင်ပါတယ်။
ရာမျိုး
(ရနံ့သစ်၊ မတ် ၂၀၀၆)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment