စောစောသွားချင်ရင် အိပ်ယာဝင်နောက်မကျစေနဲ့ 
ပြီးပြီးရောဖြီးချတော့
ရှေ့ သွားနောက်လိုက်ဟာ အံကိုက်မဖြစ်ဘူးပေါ့။
ကျွန်မဟာ ရိုးရှင်းတဲ့ဘောပင်တစ်ချောင်း
မှင်ထစ်နေတဲ့ စောင့်စားခြင်းကို
စက္ကူစုတ်လို ဆုတ်ဖြဲပစ်တယ်။
ပြတင်းပေါက်ကို ဝင်ဖို့ ထွက်ဖို့ 
ဘယ်သူစပြီး စိတ်ကူးပေါက်သလဲ
အောက်စီဂျင်ကို ရှူတတ်ထုတ်တတ်ဖို့ 
ဘယ်လောက်များများ စိတ်ဝင်စားကြသလဲ။
ကျွန်မဟာ ငြီးငွေ့ မှုနဲ့  ဘဝကိုဖျော်ဖြေရေးလုပ်
ကျွန်မဆိုလိုသလောက် ခရီးမပေါက်ခဲ့ဘူး။
အချိန်မလွန်ခင် ကျွန်မကိုယ် ကျွန်မ
ရယ်မောသံကို လက်ဦးမှုယူလိုက်တယ်လေ။
ကျွန်မဆီရောက်လာတဲ့
သံဝေဂဟာ အရသာပေါ့ပျက်ပျက်နဲ့ 
မရဏတောင်ပံ တဖျတ်ဖျတ်တောက်
ခေါ်သံမှားရောက်လာတဲ့ဖိတ်စာ ။ ။
အိမ့်ဒီဝဏ်
ပြုံးစရာ၊ ၂၀၁၂၊ နိုဝင်ဘာ
No comments:
Post a Comment