စစ်ဆိုတာ မိထွေးယုတ်ပဲ။
မိခင်ကတော့
ငြိမ်းချမ်းရေးပေါ့။
ရိုးသားတယ်
ကြောက်ရွံ့ နေရတယ်
အဲဒါ ဆာရာယေဘိုကလေး။
ငါတို့ ကလေးတွေကိုတော့
မိခင်နဲ့ ပဲကြီးပြင်းစေချင်တယ် ။
ဇာဦးကို
ပေဖူးလွှာ၊ ၂၀၁၂၊ သြဂုတ်
No comments:
Post a Comment