ငါတို့ မှာ...ဖွေးဖွေးလှုပ်နေတဲ့ ရာစုနှစ်တွေရှိတယ်
ချစ်ရင် ပြန်မရတော့ တဲ့  နောင်တတွေရှိတယ်
သတိရတိုင်းစီးနေတဲ့  တစ္ဆေမြစ်တွေရှိတယ်
ကောင်းကင်ကိုကြည့်ကြည့်ပြီးလွမ်းနေတတ်တဲ့ ကြယ်အတုတွေရှိတယ်
လေချွန်လိုက်တိုင်းတောအုပ်ဖြစ်သွားတဲ့  အမူးသမားတွေရှိတယ်
သစ္စာအဆိုကောင်းတဲ့  မိုးဦးကျမှိုတွေရှိတယ်။
ငါသိတယ်...မနှစ်ကစပြီးငါ့ အနားမှာမင်းမရှိတော့ ဘူးဆိုတာ...
ယုန်နားရွက်ကလေးကို ငါ့ လည်ပင်းမှာချိပ်သွားတယ်ဆိုတာ...
သနပ်ခါးနံ့ တွေနဲ့  အိပ်မွေ့ ချသွားတယ်ဆိုတာ...
ငါ့ မှာတော့ 
မင်းဆံပင်တွေကိုဖီးပေးနေတုန်း
မင်းလက်သဲတွေကို ဆိုးပေးနေတုန်းပါ
ငါသတိရလာတော့ မှ
အိပ်မက်အတုကြီးဆိုတာ...သိလိုက်ရ
ချက်ချင်းပဲ ခရစ္စတီးနား ရဲ့ မျက်တောင်တွေလို
ငါ့ ရင်ဘတ်ထဲမှာ
ဒူးရင်းသီးတွေ ကြွေကျနေရဲ့  ။ ။
လေပြေသုန်
ရယ်စရာ မဂ္ဂဇင်း ဖူလိုင် ၂၀၁၂
ၥ

No comments:
Post a Comment