မရွေ့လိုက်နိုင်ကြ အိုးအိမ် စည်းစိမ်များ ဖက်တွယ် မထားနိုင်ခြင်း များနဲ့ အတူ အလင်းပွင့် ဖြူဖြူထူထူကြီးထဲ မှောင်မှောင် မည်းမည်းထဲ ဖရိုဖရဲပြန့်ကြဲ သွားပုံရတဲ့ သစ်ရွက်ဖတ်ကြွေတွေလို ဒီလိုနဲ့ပဲ တိတ်ဆိတ် လိုက်ကြရတာပါ ဒါစစ်ရဲ့ အနိဋ္ဌာရုံ ကမ္ဘာမြေတုန်ရ စစ်နိုင်သူများရဲ့ တစ်ချက်လွှတ်က ပြဇာတ် မပြီးမချင်း မိုးမလင်းရ အနောက် ယဉ်ကျေးမှု ရုပ်ပြဆိုး တစ်ခုကျ လူမည်းများ မ၀င်ရ။ ကန့်သတ်။ ခွင့်ပြုချက်ဖြင့်သာ။ စသည်...ဤယိမ်းမျိုး အလို မရှိပြီ အော်ကြ ပင်လယ်ကတော့ လာချင်တာ လာခဲ့ကြ အကောင်းပဲဖြစ်ဖြစ်၊ အပုပ်ပဲဖြစ်ဖြစ် လာခဲ့ကြ ဆားငန်ရည်တွေ အပြည့် ငါမျိုချ ထားပြီးပြီ လာချင်တဲ့အချိန် လာခဲ့ကြ ငါ ချက်ထိုး မထားဘူး ကြွေးကြော် အလျော်အစားနယ်မှာလား နိုင်သူနဲ့ ရှုံးသူ ဘယ်သူအသံ ကျယ်နိုင်သလဲ မေးခွန်းတွေက မေးခွန်းတွေအဖြစ် ရွက်လွှင့် နေကြတုန်း ရွက်ဖျားလေခတ်သံ တဖျတ်ဖျတ်ထဲ တစ်ခါတစ်ရံ စီးဝင်လာတဲ့အသံကို ဘယ်သူမှ မကြားလို့ တော်သေးရဲ့“ကမ္ဘာကြီးရေ ဘယ်တော့ အမွေခွဲပေးမှာလဲ” ထပ်တလဲလဲ တဖျတ်ဖျတ် ကန်ရေပြင်ဟာ ခဲကျရင် မျက်နှာ ပျက်တတ်ကြပေမဲ့ မေးခွန်းတွေမှာ မျက်နှာမပါဘူး တဟားဟားနဲ့ ရယ်မောဆူညံနေတာ တဟားဟားက သူတို့နားထဲ သူတို့ပြန်ဝင်ပြီး လမ်းလျှောက်သံ တဒေါက်ဒေါက် လျှံကျလာသည်အထိ မြုပ်လို့ တံခါးလာခေါက် အပေါက်ဝမှာ လဲကျရှာသူတစ်ယောက် ပွေ့ယူလိုက်ရာ ငါ့မျက်နှာနဲ့ လူတစ်ယောက် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ငါ ငေးရီမိ မင်းနဲ့ငါ ငါနဲ့မင်းဟာ ခန္ဓာကိုယ်ကွဲရုံနဲ့ ကွဲလွဲမှုဖြစ်ပြီဆိုနိုင်ပါ့မလား မေးခွန်းများက ငါ့နားကို အသံတိတ်နှိပ်စက် ဒီလိုနဲ့ ကိုယ်တိုင်ရေးဝတ္ထုထဲမှာ စာမျက်နှာတချို့ချန်လှပ်ခဲ့ရ ကြုံလှီလှီသစ်ပင်က ရိုးတံရှိသမျှ အရွက်ခပ်ကျဲကျဲနဲ့ ထိုးထိုးထောင်ထောင် အသံကို အမြစ်ရှိရာ တွန်းချလိုက်တဲ့အခါ သစ်ခေါက်သား မတက်နိုင်တဲ့ ကိုယ်ထည်က ကိုယ့်ပင်စည်ရဲ့အသားကို ဆွဲညှစ် မတန်တဆ ရုန်းထခဲ့ရတဲ့အဖြစ်ပါ မြေနက်နက်ထဲ အမြစ်မစွဲနိုင်ခဲ့ဘူး(တဲ့) မီးရထားဘီး သူ့ခရီး သူ မသိဘူးအကြောက်တရားတွေ တိုးဝှေ့လာနေမှတော့ အကြောက်တရားကို ဘယ်လိုလုပ် နေရာထိုင်ခင်း ပေးနိုင်တော့မှာလဲ မမောင်းဘဲ ပြေးနေတဲ့ဘ၀တွေထဲ တည့်တည့်ကြီး ကံစမ်းမဲတွေ (ကြော်ငြာများရဲ့ ထုံးတမ်းစဉ်လာကို ဆက်ခံကြရင်း) ဗလာသက်သက် တိုးဝင်လာကြ လှိုင်းကို ယုံမိတဲ့ကမ်းက တစ်စတစ်စ ဖဲ့ချခံရ တံခါးဖွင့်မကြည့်မိရင် မြင်လိုက်ရမှာ မဟုတ် ဖျော့လိုက်လာတဲ့ ဆည်းဆာနေလုံးက တိမ်မဖုံးသေး စစ်ပွဲတွေနဲ့ အနိုင်ကျင့်ခံရတဲ့ကမ္ဘာကြီးနဲ့အတူတူ ငါ့ကို မူးအောင်သောက်သွားခဲ့ပြီ ရင်ဘတ်ထဲမှာ မြုံမြုံထားရတဲ့ကမ္ဘာကြီးလို ငါ့မှာ ပစ်ချဖို့ ပြတင်းပေါက် မရှိဘူး မေးခွန်းက ပြန်ဖို့ မတ်တတ်ရပ်လိုက်တော့ ဉာဏ်ခဏ မှောင်သွားတယ် ကိုယ့်ကိုယ်ကို တိုလို့တိုမှန်း မသိတဲ့ ဖယောင်းတိုင် အိုလို့အိုမှန်း မသိတဲ့ခန္ဓာ ကတ္တားနေရာ ငါ ထားကြည့်မိနေတုန်း မေးခွန်းက မတ်တတ်ရပ်ရင်း ဆက်တိုက်မေး ကတ္တားက ကတ္တားနေရာ ဘယ်လိုရောက်လာခဲ့သလဲ ငါ့ကံကို သူများဖြေမလားလို့ ကြည့်မိတော့ ကံက ကံက ကံအကြောင်း ဘယ်လိုလုပ်ပြောနိုင်မှာလဲတဲ့၊ ကဲ ဘယ်လိုလုပ်ကြမလဲ ဉာဏ်က ၀ါးဝါး ကန့်လန့်ကာမရှိတဲ့ လောကဇာတ်စင်မှာ ငါ့နေရာငါ ရှာလို့ပဲ မတွေ့နိုင်ဘူး ခြေလက်ဗလာ နေ့မှာလင်း ညမှာမှောင် နာရီကလှောင်တယ် မီးစုန်းမပါတဲ့ နာရီရဲ့မျက်နှာက ဘာမှမပြောဘဲ ငြိမ်ကုပ်နေ ဒါက ငါ့ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ပိုင်းတစ်စလား အနီးကြည့်များ အဝေးကြည့်များ ရူးသွပ်ခြင်းများ အချိန်ဇယား အတိအကျ ဆွဲလို့မရ နာမ၀ိသေသနတွေလည်း မကယ်နိုင်တော့ အဆင့်ဆင့် ငြင်းခုံရ ငြင်းပယ်ခွင့်များဆီမှာ လျှောက်လွှာများမရှိ အဆင့်ဆင့် ငြိမ်သက်ရ လက်လှုပ်သမျှ ပါးစပ်လှုပ်ရ အားနာနာနဲ့ပဲ အားနာခဲ့ရ မျက်နှာမပျက်ကြတာပဲ ကောင်းပါတယ် ဗုံးသံတွေက မဆိတ်ဘူး ဟုတ်ပါတယ် ငါတို့ ကမ္ဘာကြီးရဲ့နေရာ တစ်နေရာတိုင်းမှာ လက်တွေ့အခန်းဆက်တွေပဲ မရပ်မနား စစ်ပွဲတွေ လူသံတွေ မဆိတ်နေရိုးလား မီးခိုးများ မီးတောက်များ မီးခိုးမဆုံး မိုးမဆုံး ရှေ့ဆက် တိုးပြီးတိုး သေသူရှင်သူ ပြေးသူလွှားသူ အသက်မလုနိုင်သူချန်ထား နားချိန်မရ အားလုံးအတူတူ အရောရော အနှောနှော မီးတောက်ရော မီးခိုးတွေရော သေသူရော ရှင်သူရော ကျန်သူရော မြန်သူရော ဘယ်လိုများ ရောကုန်ခဲ့ရတာလဲ စာမျက်နှာများ ၀ါသွားကုန်ကြပြီ အဲသလို အ၀ါရောင်စာမျက်နှာများထဲက အဲဒီကာလတုန်းက အဲသလို ကျွန်တွေအတွက် အဲဟို လူဖြူအချင်းချင်း စစ်ခင်းကြတဲ့ စာမျက်နှာများ ဒါသမိုင်း၊ ဒါနိုင်ငံကြီးသားစိတ်ဓာတ်ရဲ့ စွန့်လွှတ်ခြင်းများ(တဲ့) ဒီလိုရော ကြည့်လို့ဖြစ်ရဲ့လား မဖြစ်ဘူးလား ဉာဏ်များတဲ့စိတ်မှာ ဉာဏ်က ရှေ့ကပြေးတော့ ဉာဏ်ရဲ့နောက် မမီမကမ်းလိုက်သွား အိပ်မက်ကုန်တော့မှပဲ မိုးလင်းတော့တယ် မိုးလင်းပြီးနောက်နေ့ မနက်များမှာလား ခြေထောက်ခေါ်ရာ လျှောက်နေကျအတိုင်းပေါ့။ ။ မောင်ခင်သာ၊တောင်တွင်း၊ (Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂) |
စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Sunday, 24 June 2012
”လရောင်မျက်တဲ့ည“
Subscribe to:
Post Comments (Atom)
No comments:
Post a Comment