သမီးလေးက မေးတယ်
ကျွန်ဆိုတာ ဘယ်လိုဟာလဲ ဖေဖေ တဲ့
ကျွန်တော်က ပြောတယ်
ကျွန် ဆိုတာ သမီးစီးတဲ့ စက်ဘီးလေးလိုပေါ့ကွယ်
ထားရာနေ စေရာသွား ။
ဒါဆို ဖေဖေ စီးတဲ့ ကားကြီးကရောတဲ့
ဟား .....ဟား.....ဟား.....ဟား.......၊
အဲဒါ ဖေဖေ့ သူဌေးကားသမီးရဲ့ ။
သမီးလေးက သူ့ ခေါင်းသူ ကုပ်
သူ့ မျက်နှာလေးကို စူ ပုပ်ပုပ်လုပ်ထားတယ် ...။....။
လူခါး
ပြုံးစရာမဂ္ဂဇင်း၊ဧပြီ ၊ ၂၀၁၂
No comments:
Post a Comment