စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Wednesday, 23 May 2012
''သော့''
ခင်ဗျား ဘာဖြစ်နေတာလဲလို့
ကျုပ်နောက်က တစ်ယောက်ယောက်က
မေးလိုက်တယ်။
ဒီလို ဖြေလိုက် ထင်မိ
ကျုပ် ယုံကြည်ချက်အတွက် ကျုပ်အလုပ်လုပ်နေတာပါလို့
ခင်ဗျားအတွက် လိုရမယ်ရတဲ့
သော့တစ်ချောင်း ပစ်ပေးသွား
သူပစ်ပေးသွားတဲ့ သော့နဲ့
ကျုပ်အဖို့ ပိတ်နေတဲ့ တံခါးကို လှပ်လိုက်တော့
ပွင့်သွား . . .အိုး!
ကျုပ်လိုက်မိတဲ့ လမ်းက အလွယ်လမ်း တစ်ခု
အဲသလိုနဲ့ တစ်ခန်းပြီးတစ်ခန်း ဖွင့်ဝင်လာခဲ့
ကျုပ်ယုံကြည်ချက်တွေ အားနည်းခမ်းခြောက်သွားတဲ့အထိ
တကယ်တော့ ………
မြှူဆွယ်မှုတွေဟာ ပုံစံတူတွေပါလား
အနှစ်သာရ ကင်းမဲ့လှပါကလား
အသိဝင်လာတော့ တံခါးတွေလည်း ပိတ်ပေါ့
ကျုပ်လက်တွေက ဆွဲနှုတ်မရ။
ရာမျိုး
idea magazine
Subscribe to:
Post Comments (Atom)
No comments:
Post a Comment