Wednesday, 23 May 2012

“ဖုံးကွယ်ထားတဲ့ အသံ”



လှိုင်းအလျားတစ်ခု မဖြစ်မီမှာပင်
ဆွံ့အသွားခဲ့ပေါ့
မွန့်ခ်ျရဲ့ အော်သံ ငါ့ထံကို ရိုက်ခတ်
ဘယ့်အတွက် ခံယူတတ်ခဲ့ပါသလဲ
“မျက်စိဟာ စိတ်ရဲ့ တံခါးပေါက်”တဲ့
ဦးနှောက်ခြောက်လောက်တဲ့ ပုစ္ဆာမှ မဟုတ်တာ
အေးလေ ဟောဒီ အရောင်စုံနေတဲ့ လောကကြီးမှာ
အရာဝတ္ထုတွေက အရောင်တွေထွက်
လူတွေက အရောင်တွေထွက်
ရေမြေသမုဒ္ဒရာတွေက အရောင်တွေထွက်
အကုသိုလ်က အရောင်တွေထွက်
ဒါပေမဲ့ ငါ့အတွက်တော့
ငါ့မျက်လုံးဟာ နားဖြစ်ခဲ့ပေါ့။

                                                                  မောင်ကြည်သာ(တောင်တွင်း)

No comments:

Post a Comment