၁။အဖြူရောင် တောက်ပ ပြောင်လက်နေသည့် အပေါ်ယံ မျက်နှာပြင်ပေါ်က အစိမ်းရောင် တောက်တောက် အကွပ်လေးတွေ၏ အလှက တုနှိုင်း မရအောင် သစ်လွင် လှပနေသည်ကို သူ နှစ်သက်စွာ စူးစူးစိုက်စိုက် ကြည့်ဖြစ်သည်။ အသစ်စက်စက် အလှ၊ သူ့မူပိုင် အနံ့အသက်ပင် မပျောက်ပြယ်သေး။ လက်ဖျားတို့နှင့် ညင်ညင်သာသာ ဖွဖွလေး စမ်းသပ်ဖြစ်စဉ် သူ့ ကိုယ်ထဲက သွေးလည်ပတ်မှုတွေ နွေးခနဲဖြစ်သည်။ မြတ်နိုး ယုယစွာ ထို့ထက်ပို၍ ယုံကြည်မှု။ သူ့ဘ၀ကို သူနှင့် တည်ဆောက်လျှင် အောင်မြင်မည်ဟု စိတ်ပိုင်းဖြတ်၍ လက်တွဲဖော် အဖြစ် ဆုံးဖြတ်ခဲ့ခြင်းသည် မမှားနိုင်ဟု တထစ်ချ ယုံကြည်ခဲ့သည့် ယုံကြည်ချက်။ လှသလောက် မာယာ များခဲ့သည်။ တိကျ သေသပ်သလောက် ရက်စက်တတ်သည်။ ရိုးရှင်းတော့ မလိုနှင့် ၀င်္ကပါ လို ကွေ့ကောက်တတ်သည်။ ဘယ်ပြ၍ ညာထွက်တတ်သလို အရှေ့ပြ၍ အနောက်ကိုလည်း ပြေးတတ်သည်။ မြောက်မြားစွာသော သူ့ မာယာတွေကြားမှာ လဲပြို ဒူး ထောက်ခဲ့ရသည့် လူဆိုသည့် သတ္တ၀ါတွေက ကုဋေကုဋာ မက အင်္သချေ အနန္တ။ ပြီးတော့ သူက နိုင်ငံတစ်ခု၏ အမြင့်ဆုံး ဘုရင်မ၏ ကိုယ်စားလှယ်။ အတော်များများက သူ့ ကို ကိုယ့်လိုအပ်ချက်နှင့်ကိုယ် မချစ်သော်လည်း အောင့်ကာ နမ်းကြရသည်။ သူကတော့ အောင့်နမ်းခြင်းမ ဟုတ်။ သူ့ကို ရဲဝံ့စွာပင် စိန်ခေါ်၍ ကိုယ်လိုရာ အသုံးချနိုင်ဖို့ မရွံ့မကြောက် ဘ၀နှင့် ရင်း၍ ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။ ဤပုံစံဖြင့် သူနှင့်(သူ) ဆုံတွေ့ကြခြင်း ဖြစ်သည်။ နိုင်နင်းစွာ ကိုင်တွယ် နိုင်ဖို့ အမြဲကြိုးစားခဲ့သည့် တိုင် ရံဖန်ရံခါ အမှားကို စောင့်၍ ပြန်လှန်တတ်သည့် တိုင် သူမရွံ့မကြောက်။ သူ့ မာယာ အကွေ့အကောက် တွေကို ဖြေ၍ လျှောက်ခဲ့ သည်။ ၁၄ ရက်လုံးလုံး မှန် နှယ်ရှု၍ သူ့ မာယာတွေကို တစ်ကွက်ချင်း ထောက်ခဲ့သည်မို့ မလှုပ်နိုင်အောင် မောပန်း တွန့်ကြေနေပေလိမ့် မည်။ သည်လိုဆိုလျှင် သူ့ဘက်က ပိုင်ပြီပေါ့။ သူ လက်ဖျောက်တစ် ချက်တီး၍ အပိုင်ပဲဟု တိုးတိုးလေး အသံထွက် ရေရွတ်ရင်း အောင်မြင်သူတစ် ယောက်၏ ခံ့ခံ့ညားညား အပြုံးနှင့် ရေဘင်မျက်မှန် အနက်ကို ကောက်တပ်ဖြစ်သည်။ နံရံပေါ်က နာနာဂီရိ ရုပ်တုကို မျက်စိစုံမှိတ်၍ စမ်းဖြစ်သည်။ ကျယ်ပြန့်၍ မာကျောသော ကြံ့ခိုင်သည့် အရာ။ ဆင်၏ နံဘေးပြင် ကျယ်ကြီး။ ဆင် ဆိုတာ အုတ် နံရံကြီးနှင့်တူမှတော့ သေချာ ပြီပေါ့။ တစ်(၁)၊ (၁)။ ပုဏ္ဏား။ ၂။ အဖြူရောင် ၀တ်စုံက အစွန်းထင်းရာ တစ်စက်မျှ ပင်မပါ။ သန့်ပြန့်လှသည်။ သူ့ အာရုံတွေထဲမှာ အရောင်တွေက ၀င်းခနဲ လက်ခနဲ။ ၁၀၈ လုံးသော သစ်သားလုံးတွေ၏ ရွေ့ လျားမှုကို လက်မ လက်ညှိုး တွေနှင့် ထိန်းညှိလည်ပတ် စေခဲ့သည်။ စူးရှသည့် မွှေးရနံ့က လေအဝှေ့မှာ အဖြူရောင် အခိုးအငွေ့တွေနှင့်အတူ ပျံ့ပျံ့ လွင့်လွင့်၊ အာရုံတွင် ရေဘင် မျက်မှန်အနက်နှင့် လူတစ် ယောက်၊ သိုက်စာ လမ်းပြ မြေပုံတစ်ခုနှင့် သူ့ထံလာနေ ဟန်က ထင်ထင်ရှားရှား။ သိပ်သည်းလွန်းသော သူ့ အပြုံးက ကျစ်ကျစ်လျစ် လျစ်။ လူအများ၏ ယုံကြည် မှုကို ရယူနိုင်ခဲ့သူဟု သရဖူ ဆောင်းနိုင်ခဲ့ပေမဲ့ တစ်ခါတစ် ရံ လူမသိ၊ သူမသိ စိုးရိမ်ခဲ့ ရတာတွေ ရှိခဲ့ပေမဲ့ ဆိုးဆိုး ၀ါးဝါး ဖြစ်ခဲ့တာ မရှိဟု ဖော့ တွေးဖြစ်စဉ် သောကအချို့ လျော့ပါးစပြုသည်။ (ငါ့ကို အားလုံးက ယုံ ကြည်နေကြတာပဲလေ)။ ငါ က ငါ့ကိုယ်ငါ ယုံကြည်နိုင် ရမှာပေါ့။ ငါပဲ၊ ငါ လုပ်နိုင် ခဲ့တာပဲလေ။ ငါပဲ ငါ ငါ။ မမှားနိုင်ပါဘူး။ သေ ချာပါတယ်။ အပိုင်ပဲဟု တီးတိုး ရေရွတ်ရင်း အောင်မြင်သူ တစ်ယောက်၏ အပြုံးနှင့် မျက်မှန် အနက်ကို ကောက်တတ်ဖြစ်သည်။ နံရံပေါ်က နာနာဂီရိ ရုပ်တုကို မျက်စိစုံမှိတ်၍ စမ်းဖြစ်သည်။ လုံးဝန်းရှည်လျား ချွန် မြသည့်အရာ။ လှံသွားပမာ မြည့်နေသော အချွန်ဖျားလေးက ကြက်သီးမြမြ ထစေသည်ထိ။ သေချာပါသည်။ ဆင် ဆိုတာ လှံသွားနဲ့ တူမှတော့။ နှစ်၊ (၂)၊ (၂)။ ပုဏ္ဏား သက်သတ်လွတ်စား။ ဘိုးတော်။ ၃။ ဒရိုင်းဂျင် နှစ်ပက် ထည့်ပြီးသားခွက်ကို ရေသန့် ဘူးထဲက အေးစက်စက်ရေသန့် အနေတော် စပ်သည်။ သံပရာသီးစိတ် ပန်းကန်ထဲက အခြမ်းကြီး တစ်ခြမ်းကို အရည်ညှစ်၊ သကြားတစ် ဇွန်းထည့်ပြီး မွှေစပ်လိုက် သည်။ ပြီးမှ ခွက်ကို တယုတယ ကိုင်ပြီး အနည်းငယ် မျှဉ်းမျှဉ်းလေး အရသာစံ ဖြစ်သည်။ ချိုချဉ်ချဉ် ခါးရှ ရှ အရသာက လျှာဖျားကနေ အသွေးအသားတိုင် စိမ့်ဝင် ပျံ့နှံ့သည်။ အမြည်းမလို တော့သည့် အနေအထား။ တစ်ပက်စာကို ကွတ်ခနဲ မမော့ဘဲ မျှဉ်းမျှဉ်းလေးအရ သာခံစုတ်ယူရင်း စားပွဲပေါ်က ဓာတ်ပုံတွေကို တစ်ခု ချင်းကြည့်ဖြစ်သည်။ ၀တ်လစ်စားလစ် တိုင်း တစ်ပါးသူမ၏ ရမ္မက်ထန် သည့် အလှက ကြက်သီးမြ မြထစေသည်ထိ။ ပန်းသီးပုံ ထဲက ကိန်းဂဏန်းတွေက တော့ မများလှ။ ရှုပ်ထွေးနေ သော မျဉ်းဖြောင့်တွေ မျဉ်း တိုတွေက အရောင်အသွေး စုံလင်လှသည်မို့ ကိုယ်စားပြု ကိန်းဂဏန်းတွေကို ရီဝေေ၀ ကြည့်ရင်း ဖန်ခွက်ကို စားပွဲ ပေါ် သူအသာပြန်ချသည်။ ကျောင်းပြီးကတည်း က မိဘလုပ်စာကိုအပတ်တစ် ကုတ်ဖြုန်းရင်း၊ သုံးရင်း သည်ခွင်သည်လောကထဲ သူ ၀င်ခဲ့မိသည်။ အစကမယောင် မလည် နောက်တော့ သူ သည် ဘုရင်တစ်ဆူကဲ့သို့ ဖြစ်လာခဲ့သည်။ အားလုံးက အထင်ကြီး သည်။ လေးစားသည်။ တစ်ပွဲစား တစ်လုံးပိုင် ဘွဲ့ ခံယူလာနိုင်သည်ထိ။ လက် ကနာရီကို တစ်ချက်ကြည့် ပြီး ခွက်ထဲက လက်ကျန်ကို တစ်ကျိုက်တည်း အပြတ် ရှင်းပစ်လိုက်သည်။ အပိုင်ပဲ ဟု တစ်ကိုယ်စာ ကြားသာရုံ လေး ရေရွတ်ရင်း ရေဘင် မျက်မှန်ကို တပ်သည်။ ပွယောင်းယောင်း မျက်နှာ ကြွက်သားတွေပေါ်မှာ ပေါ်လာသည့် အပြုံးက ကြွက်သားတွေနှင့် ဆန့်ကျင် ဘက်၊ ကျစ်ကျစ်လျစ်လျစ်။ နံရံပေါ်က နာနာဂီရိ ရုပ်တုကို အစုံမှိတ်သော မျက်ဝန်းနှင့် ဆတ်ခနဲ စမ်းဖြစ်သည်။ လားလား ကြီးမား ပြန့်ကားသလောက် ပါးလှပ်သည့် အရာ။ သေချာပါတယ်လေ။ ဆင် ဆိုတာ ယပ်တောင်ကြီးနဲ့ တူမှတော့။ သုံး၊ (၃)၊ (၃) ပုဏ္ဏား၊ အရက်သမား။ ၄။ ကွန်ပျူတာ မော်နီတာပေါ် ပေါ်လာတဲ့ မြင်ကွင်း တွေက တဖျတ်ဖျတ်။ ဒေါင် လိုက် မျဉ်းတို မျဉ်းရှည်၊ ကိန်းဂဏန်းတွေက ဖျတ်ခနဲ ဖျတ်ခနဲ။ ရမ္မက်ကို ချက်ချင်း နိုးကြွစေနိုင်သည့် တိုင်းတစ် ပါးသူတွေ၏ ၀တ်လစ်စားလစ် အလှပေါ်မှာ ရွေ့လျား ဆော့ကစားနေသည့် ကိန်း ဂဏန်းတွေက ပေါ်လိုက် ပျောက်လိုက်။ လန်ဒန်ဘူးထဲက စီးက ရက် တစ်လိပ်ထုတ် မီးညှိပြီး သူ အားပါးတရ ရှိုက်ဖွာရင်း မော်နီတာ မျက်နှာပြင်ကို တ စိမ့်စိမ့်ငေးကြည့်ဖြစ်သည်။ ကီးဘုတ်ပေါ် လက်အစုံ ရွေ့လျားစဉ် မရေတွက်နိုင် လှုပ် ရှားဆော့ကစားနေတာတွေကို စူးစူးနစ်နစ် ကြည့်ဖြစ်သည်။ ကျောင်းပြီးစမှာ မိဘ တွေက သူ့ကို ကုမ္ပဏီ တစ်ခု တွင် ပညာရှင်တစ်ယောက် အဖြစ်သာ အသက်မွေး ၀မ်းကျောင်း ပြုစေချင်ခဲ့သည်။ သို့သော် နာနာဂီရိအဖွဲ့နှင့် တွေ့ပြီး အဖွဲ့ဝင်ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည်။ အစကတော့ မထင်မရှား တစ်နှစ်အတွင်း မှာ ရတနာမြေပုံနှင့် ငွေရှာ သည့် လုပ်ငန်းတွင် သူ့ အတတ်ပညာတွေက ပေါက် မြောက် အောင်မြင်လှသည်။ ၂ နှစ် အကြာတွင် နာနာဂီရိ အဖွဲ့ နှစ်ခြမ်းကွဲထွက်သွား တော့ တစ်ခြမ်းသော အဖွဲ့ တွင် သူက ခေါင်းဆောင် ဆရာကြီးတစ်ဆူ ဖြစ်လာခဲ့သည်။ ကွန်ပျူတာဆိုသည့် နောက်ဆုံးပေါ် စက်ကိရိယာ ကို ကိုင်တွယ်အသုံးချပြီး ငွေ ရှာခဲ့သည်။ သည်လောက တွင် မော့ကြည့်ဝံ့သူမရှိ လောက်အောင် သူ့အရှိန်အ၀ါ က လန်းခဲ့သည်။ ဖျတ်ခနဲ မော်နီတာပေါ် က ပုံရိပ်တွေပျောက်သွားမှ မီးပြတ်သွားမှန်း သူ သတိ ထားဖြစ်သည်။ နံရံပေါ်က မိန်းဆွိကို ဖြုတ်ချရင်း ကွန်ပျူတာကို တစ်ချက်ပြန် ကြည့်ဖြစ်သည်။ မလိုတော့ပါဘူးလေ။ ၁၄ ရက်လုံးလုံး အပြန် အလှန်စစ်ဆေး တွက်ချက် ခြင်းမှ ရရှိသည့် အဖြေသည် တိကျ၊ သပ်ရပ်၊ သေသပ် စွာ ကြိမ်ဖန်များစွာ ပြဆိုခဲ့ သည်ပဲ။ အပိုင်ပါပဲဟု တိုး တိုးလေး ရေရွတ်ရင်း လန်ဒန် ဘူးနှင့် မီးခြစ်ကို အိတ်ထဲ ထည့် သည်။ ရေဘင်မျက်မှန် အနက်ကိုတပ်ပြီး မျက်စိစုံ မှိတ် စားပွဲပေါ်က နာနာဂီရိ ရုပ်တုကို ဖျတ်ခနဲ စမ်းဖြစ် သည်။ အသေးငယ်ဆုံး အရာ ပါတကား။ ရှည်လျားသွယ် နွဲ့သည့် အရာ။ အမြီးဖျား။ သေချာပါပြီ ဆင်ဆိုတာ ကြိုး နဲ့ တူမှတော့။ လေး၊ (၄)၊ (၄) ။ ပုဏ္ဏား။ ကွန်ပျူတာသမား။ ၅။ သန့်စင်စွာ ဆေးကြော ပြီးသား စတီးဇလုံထဲမှာ ဆေးကြောပြီးသား အုန်းသီး၊ ငှက်ပျောသီးတွေ ထည့်ရာ တွင် သူ့လက်တွေက ကျွမ်း ကျင်လှသည်။ ပြီးမှ နောက် ဆုံးပေါ် နိုင်ငံခြားဖြစ် ရေ မွှေးပုလင်းလေးကို အဖုံးဖွင့်ပြီး ပက်ဖျန်းလိုက်တော့ သင်းပျံ့ပျံ့ရနံ့က တစ်ခန်းလုံး ပျံ့သည်။ သူ့ဘ၀က ဘာ ပညာမှ ဟုတ်တိပတ်တိ မသင်ခဲ့ရ။ အနှိမ်ခံဘ၀မှ သည် ရွှေပေါ်မြတင် ဘ၀ ရောက်ဖို့ ကနားစီးမယ်မယ် ကြီး ကောက်ယူမွေးစားခဲ့၍ သာ။ စိုင်ကော်လို့ ချုံပေါ် ရောက်ခြင်း မဟုတ်။ နတ်မ ၍ လူလှခဲ့ခြင်း။ အခုတော့ သူက အတွင်း၊ အပြင် ၇၄ ပါးသော နတ်မင်းတို့၏ တမန်တော်။ ဒေ၀တာတို့၏ ကိုယ်စား လှယ်တော်။ သူ့အလှမ်း သူ့ နယ်ကလည်း တိုးတက်လှ သည့် ကွန်ပျူတာခေတ်မှာ ပင် အင်တာနက်လို ကျယ် ပြန့်သည်။ ရာထူးဂုဏ်ရှိန် ရှိသူမှ သည် လက်ဖျားငွေသီး သူဌေးမကြီးတွေထိ ထိုမှတစ် ဆင့် ရုပ်ရှင်ဗီဒီယို နယ်ပယ်ထိ ဖြန့်ကြက်နိုင်ခဲ့သည်။ တစ်နေ့လုပ် တစ်နေ့စား ဆင်းရဲသမီး ဆင်းရဲသားတို့ အတွက်မူ သူက မဟာ့ မဟာ ကယ်တင်ရှင်ကြီး။ သူ့ စကားတစ်ခွန်းက လှံသွားလို စူးရှသည်။ သူ့ အာဏာစက် က ဓားသွားလို ထက်သည်။ တော်ရုံလူ မပယ်ဝံ့ မလှန်ဝံ့။ အစကတော့ သူလည်း တစ်ကိုယ်တော် မင်းသမီး။ သိပ်မကြာခင် အင်အား တောင့်တင်းသော ဒုတိယ နာနာဂီရိ အဖွဲ့၏ အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သူမက ကွန်ပျူတာ အုပ်စု။ လက်အစုံကို နဖူးတွင် ကပ်စဉ် သူ့တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ ယိမ်းနွဲ့နေ သည်ကို ဟောင်းလောင်းပွင့် နေသော ပါးစပ်ပေါက်တို့ဖြင့် ငေးကြည့် နေကြပေလိမ့်မည်။ အာရုံတွင် မျက်မှန်အနက်တပ် ထားသော ကွန်ပျူတာ အဖွဲ့ ခေါင်းဆောင်ပုံက ထင်ထင် ရှားရှား စောစောကမှ တစ်ခါ သုံးကတ် ဖုန်းမှာ မက်ဆေ့ခ်ျ ၀င်လာခဲ့သည်။ လုပ်ငန်းစတော့မည်။ အသင့်ပြင် ထားပါတဲ့။ ဆတ်ဆတ် တုန်နေသော သူ့ခန္ဓာ ကိုယ်ကို ရပ်တန့်ပြီး မှေးမှိတ် ထားသော မျက်ဝန်း အစုံကို ဖွင့်တော့ အားကိုးတကြီး ကြည့်နေသော မျက်ဝန်းမျက် နှာများစွာကို မြင်ရသည်။ သူ့ နှုတ်ဖျားက တိုးဖွဖွ စကားကြီး သုံးလုံး ထွက်ကြ အပြီးမှာ လူတွေအားလုံး ခပ် သုတ်သုတ်ထွက်သွားကြ တာကို အပြုံးနှင့် ကြည့်ဖြစ် သည်။ ကျစ်လျစ်သေသပ် သည့်အပြုံး။ ရေသန့်ဘူးထဲက ရေ အေးတစ်ခွက်ကို တစ်ကျိုက် တည်း မော့သောက်ပြီး ရေ ဘင်မျက်မှန်အနက်ကို တပ် သည်။ “အပိုင်ပါပဲလေ” တိုး ဖွဖွရေရွတ်သံက တစ်ကိုယ် စာ ကြားရရုံ။ မျက်စိကို စုံမှိတ် ၍ နံရံပေါ်က နာနာဂီရိပုံဆီ လျှောက်ပြီး လက်နှင့်ကိုင် စမ်းသည်။ ဖုထစ်ကျစ်လျစ် ၍ ကြွက်သားတို့နှင့် တောင့် တင်းသော ခြေထောက်ကြီး။ သေချာပါတယ်လေ။ ဆင် ဆိုတာ အုတ်တိုင်ကြီးနဲ့ တူမှတော့။ ငါး။ (၅)၊ (၅)။ ပုဏ္ဏား။ နတ်ကတော်။ ၆။ စားပွဲပေါ်က ဗေဒင် ကျမ်း စာအုပ်မျိုးစုံပေါ် တွက်လက်စ စာရွက်နဲ့ ဘောလ်ပင် ကိုချရင်း ပါဝါမျက်မှန်ကို ချွတ်ဖြစ်သည်။ မများသော်လည်း ခပ်စေးစေး ဖစ်စာမျက်နှာပေါ်က ချွေးစေးတွေ ကို တာဝါဖြင့် သုတ်ဖြစ်သည်။ အိပ်မက်ကျမ်း စာအုပ်ဘေးက ဆေးပေါ့လိပ်ကို မီးညှိပြီး အားပါးတရ ဖွာရှိုက်ဖြစ် သည်။ သူ့တွက်ချက်မှုတွေ အဆုံးသတ်ပြီမို့ ကွန်ပျူတာ ခေါင်းဆောင်ထံ သတင်းပို့ ရုံသာရှိတော့သည်။ သူလည်း အစက သာမန်ဗေဒင်ဆရာ လေးသာ။ အရှိန်အ၀ါကြီးလှ သော နာနာဂီရိအဖွဲ့ဝင်ဖြစ် သည်မှာ မကြာသေး။ ဤမျှ တိုးတက်သော သိပ္ပံခေတ် တွင်ကွန်ပျူတာ ခေါင်းဆောင် သည် ကွန်ပျူတာသိပ္ပံပစ္စည်း ရှေ့ထား၍ ဗမာပီသစွာ၊ နတ် လောက၊ နာမ်လောက၊ ဂမ္ဘီရ တို့ကို လက်ခံထားသည်ကို သူလုံးဝ နားမလည်နိုင်။ သို့သော် ဒါ သူ့အပိုင်း မဟုတ်။ သူ့အပိုင်းက ရသည့် တွက်ချက်မှုကို ပေးပို့ရုံသာ။ စာရွက်ကို တစ်ချက်ငုံ့ကြည့် ရင်း အပိုင်ပါပဲဟု တစ်ကိုယ် စာ ကြားရုံရေတွက်ဖြစ်သည်။ ရေဘင်မျက်မှန်ကို ကောက်တပ်ရင်း ကျစ်လျစ် သည့် အပြုံးတစ်ချက်နှင့် နံရံ ပေါ်က နာနာဂီရိဆီ အကြည့် ကို ပို့ဖြစ်သည်။ အစုံမှိတ် သော မျက်ဝန်းတို့နှင့်အတူ အသာအယာလှမ်းထွက်၍ ညင်သာဖွဖွ စမ်းကိုင်ဖြစ် သည်။ လုံးဝန်း၍ ကျစ်လျစ် သန်မာတုတ်ခိုင်ရှည်လျား သော ကြွက်သားတို့၏ အထိ အတွေ့ကိုရသည်။ ရှည်လျား သော်လည်း မသွဲ့။ မနွဲ့။ မာန်အပြည့်။ သေချာပါတယ်။ ဆင် ဆိုတာ လူလက်မောင်းနဲ့ တူမှတော့။ ခြောက်။ (၆)၊ (၆)။ ယောက်မြောက်သော ပုဏ္ဏား။ ၇။ ဒီနေ့က အင်္ဂလိပ်လ၏ လလယ်ရက်။ လက်ဖက် ရည်ဆိုင်တိုင်း နာနာဂီရိ အဖွဲ့ နှစ်ဖွဲ့၏ ပြိုင်ပွဲ သတင်းက တီးတိုးတီးတိုး၊ P.C.O တွေ အဲဒီနေ့က လိုင်းကျပ်ပြီး C.D.M.A တွေခေါ်ရခက်ခဲ့ သည်။ G.S.M တွေလည်း မလွယ်ကူ။ ကဒ်ဖုန်းတွေ လည်း ဒုက်္ခဖြစ်။ ဆိုင်ကယ် တွေက ရှုပ်ယှက်ခတ်။ ပြေး ကြ၊ လွှားကြ၊ ကာကြ၊ ရှာကြ။ ဒီနေ့ လလယ်ပိုင်း ၁၆ ရက်။ အိမ်နှင့် မနီးမဝေးက စာအုပ်ဆိုင်လေးဆီကို ဖတ်ပြီး သား မဂ္ဂဇင်းကိုင်ရင်း လမ်း လျှောက်ဖြစ်သည်။ လက် ဖက်ရည်ဆိုင်ရှေ့ ဖြစ်တော့ လူတွေအပြည့်။ တယ်လီဖုန်း နှင့်တွဲလျက် စာအုပ်ဆိုင်ပိုင် ရှင်က အပြုံးနှင့် ကျွန်တော့်ကို နှုတ်ဆက်သည်။ “ဘာထွက်သွားလဲ အစ်ကို” “မသိဘူး။ ငါလည်း ခုမှ အိမ်ကလာတာ” ဖတ်ပြီးသား စာအုပ်ကို စားပွဲပေါ်တင်ရင်း အပိုင်လား အောထားလို့လား”ဟု ကျွန်တော် ပြောတော့ “မလုပ် ရဲပါဘူး အစ်ကိုရာ ဘာလို့ မေးတာလဲ” လို့ သူက ဖြေ မေး မေးသည်။ “မင်းဖုန်း နားမှာ မနေ့က နာနာဂီရိတစ် ကောင်မြင်လို့” ကျွန်တော့် စကားအဆုံးမှာ အပျော်အပြုံး မျက်နှာနှင့် ပြေးလာသည့် သုံးဘီးတက်ဆီ သမားလေး က ကျွန်တော်တို့ နားရောက် လာခဲ့သည်။ သူ့တက်ဆီက စာအုပ်ဆိုင်ဘေး သစ်ပင်ရိပ် မှာ။ ခွထိုင်ပြီး စက်နှိုးဖို့ ဟန် ပြုစဉ် စာအုပ်ဆိုင်ရှင်က “ထွက်ပြီလား ညီလေး” ဟု မေးတော့ ခေါင်းညိတ်ပြ သည်။ “ဘာထွက်တာလဲ” “သုညရှစ်ကိုး၊ ၀၈၉” “ပေါက်လား” “ပေါက်တယ်။ ငါးရာ ဖိုး” “ပိုင်လှချည်လား။ ဘယ်ကရတာလဲ။ ဆင်ဂဏန်းလား” “မဟုတ်ပါဘူး။ ကျွန်တော့် တက်ဆီနံပါတ်လေ။ ကံပါပဲ အစ်ကိုရာ” စကားအဆုံးမှာ စာအုပ် ဆိုင်ရှင်နှင့် ကျွန်တော် အကြည့်ချင်း ဆုံဖြစ်သည်။ “နာနာဂီရိတွေတော့ ကွဲပြီ အစ်ကို” “ဘာဖြစ်လို့လဲကွ” “သူတို့ တစ်ဖွဲ့က (၃၂၁) တဲ့။ တစ်ဖွဲ့က (၆၄၅) တဲ့” ကျွန်တော် စကားမပြန် ဖြစ်။ ပြုံးရုံပြုံးရင်း လှမ်းပေး လာသည့် ရွှေအမြုတေကို ယူရင်း ငယ်ငယ်တုန်းက ဒုတိယတန်းမြန်မာစာမှာ သင် သည့် မျက်မမြင် ပုဏ္ဏား ခြောက်ယောက် ဆင်ကြီးကို စမ်းပြီး သူတို့ထင်သည်ကို သူတို့ပြောသည့် သင်ခန်းစာ လေးကို သတိရဖြစ်သည်။ “အစ်ကိုက စာရေးနေတော့ ဗဟုသုတ စုံပါတယ်။ ဆင်ဆိုတာ ဘာလဲ အစ်ကို” တယ်လီဖုန်းတင်ထား သည့် စားပွဲပေါ်က ခြေတစ် ဖက်မြောက် နှာမောင်းထောင် မာန်ဝင့်နေသည့် ဖိုင်ဘာဆင် ဖြူရုပ်လေးကို ကိုင်ကြည့်ပြီး ကျွန်တော် ပြန်ချဖြစ်သည်။ “သိချင်ရင် မျက်စိမှိတ် ပြီး စားပွဲပေါ်က မင်း ဆင်ရုပ်ကို စမ်းကြည့်ပါလား” စာအုပ်ဆိုင်ရှင်က ပြုံး ရင်း မျက်စိမှိတ်ပြီး စားပွဲ ပေါ်က ဆင်ရုပ်ကို လက်နှင့် စမ်းတော့ မြောက်ကြွထား သော ခြေထောက်က ဖ၀ါး ပြင်ကို စမ်းမိသည်။ “ဆင်ခြေဖ၀ါးကြီး အစ်ကို။ ဘာတဲ့လဲ” “နင်းတတ်တာပေါ့ ကွာ။ ဆင်နင်းရင် ဘာဖြစ်မယ် ထင်သလဲ” စာအုပ်ဆိုင်ရှင် ရယ်သံ က ရွှင်ရွှင်ပျပျ။ ပုံပြင်ထဲက ပုဏ္ဏားတွေ ဆင်ခြေဖ၀ါးကို မစမ်းမိတာ သနားစရာပါပဲလေ။ အင်း ဆင်ဆိုတာ။ သူတို့ ပြောခဲ့တဲ့ ဆင် ဆိုတာ။ အောင်ဖြိုးကျော်၊ပခုက္ကူ၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂) |
စာပေသည် လူမျိုး၏ ယဉ်ကျေးမှု၊ တိုင်းပြည်တစ်ပြည်၏ အဆင့်အတန်း၊ နိုင်ငံတစ်နိုင်ငံ ၏ သမိုင်းကို ဖော်ပြနေပါသည် ။
Sunday, 24 June 2012
”ဆင်ဆိုတာ“
Subscribe to:
Post Comments (Atom)
၁။
No comments:
Post a Comment