ဒီသစ်သီးဟာ ချစ်သူမရှိတော့တဲ့သစ်သီးလို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။
ဒီသစ်သီးက အထီးကျန်ခြင်းအကြောင်းမပြောဘူး
ဒီသစ်သီးက ဒုက္ခအကြောင်းမပြောဘူးလို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။
ဒီသစ်သီးက အမှန်တရားအမျိုးမျိုးရှိတယ်လို့
ဒီသစ်သီးက လွင့်မျောခြင်းသီဝရီအတိုင်းနေတယ်လို့
ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။
ခုပဲ…ဒီသစ်သီးက ကြွေကျလာတယ်
လူတစ်ယောက်က သစ်သီးကြွေတာကို ကြွေတယ်လို့မပြော
မြေကြီးက ဆွဲငင်တာလို့ပြောရင် သဒ္ဒါမှန်နိုင်ပါ့မလား။
ထွန်းဝေမြင့်
(စတိုင်သစ်၊ဇွန်၊၂၀၀၃၊စာ-၉
No comments:
Post a Comment