''ရင်ကွဲဘူတာ''
ညည်းသံရှည်ကြီး ဆွဲဆွဲငင်ငင်
ပန်းဝင်ရင်ဆိုနေကျတေးသွား
ညကတစ်ရေးနိုး
နိုင့်ထက်စီးနင်းတွန်းတင် ၊ ရက်ရက်ရောရောထိုးချ
အလွတ်ရနေတဲ့ဘာသာစကား
ဝင်ပေါက် ထွက်ပေါက် စနစ်တကျတန်းစီပါ
လူစိတ်မဝင်စားတဲ့ကြော်ငြာ
အမှိုက်မပစ်ရ ဆိုင်းဘုဒ်အောက် ခြေပစ်လက်ပစ်
ထိုးဆွ လုံးချေ မြွေရေခွံ အိတ်ထဲ ထည့်
ရေသန့် ဘူးခွံ လျောခနဲ
ဘာရှာသလဲ ကိုယ့်ဆရာ ဒါလား
ဒေသစာတစ်ခုနဲ့ ဖျားယောင်းလာ ဆိုက်ကားဆရာ
ခင်ဗျားလည်း ဒီတောထဲ ဆရာပဲ
တစ တစ ညက သူ့ မာနထဲ တိုးဝင်ငုံလျှိုး
အမူးသမား အခဲမကျေသမျှ ပလက်ဖောင်းပေါ် အန်အန်ချ
ပန်ချီကား ပိုလှသွားခဲ့ပြီ
ကျိုးကျွတ် ကြေကွဲ အိပ်မက်တစ်ခု လူးလွန့် နိုးထ
မိန်းမလှ တစ်ယောက် လွှင့်ပစ်လက်မှတ်တွေ ကောက်မလို့ တဲ့ 
ရယ်စရာ မဂ္ဂဇင်း၊ ၂၁၀၂၊ ဇူလိုင်
No comments:
Post a Comment