Wednesday, 23 May 2012

''ရင်မောမြစ်''

ကျောက်ဆောင်တွေကို ကျော်ဖြတ်
တော တောင် လျှို မြောင် တွေကြား တရစပ် စီးဆင်း
အတားအဆီး မှန်သမျှ တဟုန်ထိုး ၀ါးမြို
ပင်လယ် ရဲ့ ခြေရာ ကို နင်းနိုင်ရပေမပေါ့
နေထိုင်ခြင်း မှာ အချို နည်းနည်း အခါး များများ
ည ... ည တွေ မှာ အိပ် မပျော်ခဲ့
မနက်ဖြန် မှာ ...
ဆိုခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုရင်း ရပ်တန့် သွားမှာလား
ဘ၀ က တိုတယ် သံသရာ က ရှည်တယ်
လူ ဆိုတာ တာဝေး အပြေးသမား
ဘယ်မှာ ရပ် ရမလဲ ...
ဘယ်မှာ ဆုံးရ မလဲ ...
ပြေး ... ပြေး ... ပြေး
ပင်လယ် ကို ရောက်သည် အထိ ပြေး ... ။             ။

                                                                        မောင်ကြည်သာ ( တောင်တွင်း )


                                                                          သရပါ ရသ စာပေ မဂ္ဂဇင်း

                                                                       သြဂုတ်လ ၊ ၂၀၁၀ - ပြည့်နှစ် ။

No comments:

Post a Comment